ကျွန်ုပ်က ပိုမိုလေ့လာဖို့ စိတ်ဝင်စားပါတယ်

သင်နှင့် ကျွန်ုပ်နဲ့က ဆင်တူပါတယ်။

သင်ရော၊ ကျွန်ုပ်ရော၊ ကမ္ဘာမြေပေါ်က လူသားတိုင်းရောမှာ အခြေခံလိုအပ်ချက်သုံးခု ရှိပါတယ် - အချစ်ခံရဖို့ လိုအပ်ချက်၊ အလိုအပ်ခံရဖို့ လိုအပ်ချက်နှင့် လက်သင့်ခံရဖို့ လိုအပ်ချက်။

သင့်အနေနဲ့ ဒီလိုအပ်ချက်သုံးခုလုံးကို ဖြည့်ဆည်းနိုင်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို ကျွန်ုပ်သိတယ်လို့ပြောရင် ဘာဖြစ်မလဲ။

ကျွန်ုပ်က ဘာတစ်ခုကိုမှ မရောင်းဘူးလို့ပြောရင် ဘာဖြစ်မလဲ။

ဒီလိုအပ်ချက်သုံးခုလုံးက လက်ဆောင်ဖြစ်လို့ သူတို့ကို ရဖို့မဖြစ်နိုင်ဘူးလို့ပြောရင် ဘာဖြစ်မလဲ။

ကျွန်ုပ်အခုအချိန်မှာ ရရှိထားတဲ့ ငြိမ်းချမ်းမှု၊ မျှော်လင့်ချက်နှင့် ရည်ရွယ်ချက်တွေမရှိတဲ့ အချိန်တစ်ချိန် ကျွန်ုပ်ဘဝမှာ ရှိခဲ့ဖူးပါတယ်။ ဘ၀ဆိုတာ ဒီထက်မကပိုတယ်လို့ မျှော်လင့်ရင်း လောကကြီးကို ကျွန်ုပ်ကြည့်နေခဲ့ပါတယ်။

ဒါပေမဲ့ ကျွန်ုပ်ကို နက်နက်နဲနဲ ချစ်ခင်ပြီး ကျွန်ုပ်ဘ၀အတွက် ရည်ရွယ်ချက်နှင့် မျှော်လင့်ချက်တစ်ခုရှိတဲ့ ဘုရားသခင်အကြောင်းကို တစ်စုံတစ်ယောက်က ကျွန်ုပ်ထံ အချိန်ပေးပြီး ပြောပြခဲ့ပါတယ်။ သူက ကိုယ်နဲ့အဝေးမှာရှိတဲ့ ဘုရားသခင်မဟုတ်ပါဘူး၊ ကျွန်ုပ်သေဆုံးသွားတဲ့အခါ ကောင်းကင်ဘုံမှာ သူနဲ့ ထာ၀ရနေစေလိုတဲ့ ဘုရားသခင်ဖြစ်ပါတယ်။

ဒါပေမဲ့ ကျွန်ုပ်မှာ ပြဿနာတစ်ခုရှိခဲ့ပါတယ်။ ကောင်းကင်ဘုံက ပြီးပြည့်စုံပေမဲ့ ကျွန်ုပ်က မပြီးပြည့်စုံပါဘူး။ ဒီတော့ ကျွန်ုပ် ကောင်းကင်ဘုံကို မရောက်နိုင်ပါဘူး။ ဒါပေမဲ့ ဘုရားသခင်က သူ့ရဲ့သား ယေရှုခရစ်တော်ကို ကမ္ဘာမြေဆီ စေလွှတ်ပြီး ကျွန်ုပ်ရဲ့ အပြစ်တရားအတွက် သေစေခြင်းကနေတစ်ဆင့် ကျွန်ုပ်ကို ကောင်းကင်ဘုံသွားဖို့ လမ်းကိုဖောက်ပေးခဲ့ပါတယ်။ နောက် 3 ရက်အကြာမှာ သခင်ယေရှုက ပြန်လည်ရှင်သန်ထမြောက်ပြီး သူက တကယ့်အရှင်သခင်ဖြစ်ကြောင်းကို သက်သေပြခဲ့ပါတယ်။

ဒီတော့ ကျွန်ုပ်က သခင်ယေရှုကို ကျွန်ုပ်ဘ၀ရဲ့ မောင်းနှင်သူတစ်ဦးလုပ်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ကျွန်ုပ် အမှားလုပ်ခဲ့မိတဲ့ အရာတွေအတွက် ခွင့်လွှတ်ပေးဖို့ တောင်းဆိုပြီး ကိုယ့်အတွက်မဟုတ်ဘဲ သူ့အတွက် ရှင်သန်ဖို့ စွမ်းအားကို ချီးမြှင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ပြီးတော့ နောက်ဘာဖြစ်ခဲ့လဲဆိုတာ သင်သိပါသလား။ ကျွန်ုပ် မျှော်လင့်ချက်အသစ်၊ ငြိမ်းချမ်းမှုအသစ်နှင့် ရည်ရွယ်ချက်အသစ်ကို ရရှိခဲ့ပါတယ်။ တကယ့်ကို သဘာ၀လွန်ဖြစ်ရပ်ပါပဲ။ ပြီးတော့ ဒါကအခုထိ မရပ်သေးပါဘူး။

ဒီတော့ သင်ကော ဘယ်လိုလဲ။

သင့်ဘ၀မှာ အသစ်တစ်ခုကနေ စတင်ဖို့ အဆင်သင့်ဖြစ်ပြီလား။ ကျွန်ုပ်တို့က သခင်ယေရှုကို ကိုယ့်ဘ၀ရဲ့ အကြီးအကဲ/သခင်အဖြစ် ရည်စူးလိုက်ရင် ကျွန်ုပ်တို့က ဖန်တီးမှုအသစ်တစ်ခုဖြစ်သွားပါတယ်…အရာအဟောင်းတွေ ပျောက်ကွယ်ပြီး အကုန်လုံးအသစ်ဖြစ်သွားတယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။

အဓိကမေးခွန်းက ဒါပါ။

“သင့်ရဲ့ဘ၀တစ်ခုလုံးကို သခင်ယေရှုဆီ ဒီနေ့ပေးအပ်ခြင်းကနေ တားဆီးနေတဲ့အရာက ဘာလဲ။”

အကြောက်တရားလား။ မသေချာမှုလား။ သက်တူရွယ်တူတွေရဲ့ ဖိအားလား။ ဒါမှမဟုတ် ထာ၀ရတည်မြဲတဲ့ အမှုကိစ္စတွေအကြောင်း စဉ်းစားဖို့ သင်ရှောင်ကြဉ်နေရုံသက်သက်လား။ ဘုရားသခင်က ကိုင်တွယ်ရမယ့် တခြားပိုအရေးကြီးတဲ့ အမှုကိစ္စများစွာရှိတယ်လို့ သင်ထင်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သတင်းကောင်းတစ်ခု ပြောပြပါမယ်။ ဘုရားသခင်က သင့်ကို ချစ်မြတ်နိုးပါတယ်။ ကျွန်ုပ်တို့သာ သခင်ယေရှုထံ ကိုယ့်အပြစ်တရားတွေကို ဖွင့်ပြောမယ်ဆိုရင် အပြစ်ဘယ်လောက်ကြီးကြီးသေးသေး သူက အားလုံးကို ခွင့်လွှတ်ပေးမှာဖြစ်ပါတယ်။ ဒါကို ဘာကြောင့် သင်စွန့်စားပြီး စောင့်နေမှာလဲ။

ABCs က ကျွန်ုပ်တို့ကို ကောင်းကင်ဘုံ ဘယ်လိုရောက်အောင်လုပ်ရမလဲ ပြောပြတာကို နားထောင်လိုက်ပါ -

Admit (ဝန်ခံခြင်း) ကျွန်ုပ် အမှားလုပ်ခဲ့ကြောင်း ဝန်ခံပါ။ ကျွန်ုပ်က အပြစ်သားဖြစ်တယ်။ ဘုရားသခင်က သေးငယ်တဲ့ အပြစ်တရားတစ်ခုလေးကိုတောင် ကောင်းကင်ဘုံထဲ ဝင်စေနိုင်မှာမဟုတ်ပါဘူး၊ ဒီလိုမှမဟုတ်ရင် ဒါက ကောင်းကင်ဘုံ ဘယ်ဟုတ်တော့မလဲ။

Believe (ယုံကြည်မှု) သခင်ယေရှုက ကျွန်ုပ်ရဲ့ အပြစ်တရားတွေအတွက် အသက်ကိုစတေးခံပြီး ပြန်လည်ရှင်သန်ထမြောက်ရင်း သူက အစစ်အမှန်အရှင်သခင်ဖြစ်ကြောင်း သက်သေပြခဲ့ပုံကို ကိုယ့်နှလုံးသားထဲကနေ ယုံကြည်ပါ။

Confess (ဖွင့်ပြောပါ) ကိုယ့်ရဲ့ အပြစ်တရားကို ဖွင့်ပြောပြပြီး ဘုရားသခင်ရဲ့ ကြီးမြတ်တဲ့ ခွင့်လွှတ်မှုကို တောင်းဆိုပါ။ ဘုရားသခင်ရဲ့ အကူအညီကို ရယူပြီး ဘယ်အပြစ်တရားမဆိုရဲ့ ဝေးရာကို သွားဖို့ဆန္ဒရှိအောင်လုပ်ပါ။ သခင်ယေရှုကို ကိုယ့်ရဲ့ သခင်နှင့် ကယ်တင်ရှင်…ကိုယ့်အကြီးအကဲအဖြစ် လက်ခံပါ။

သင်က ဘုရားသခင်ရှေ့မှောက်ကို မလာခင် သင့်ဘ၀ကို သန့်ရှင်းအောင် မလုပ်နိုင်ပါဘူး။ သင့်ရဲ့အရှိတိုင်းပဲ လာရောက်ရမှာဖြစ်ပါတယ်။ ဘုရားသခင်က အကြွင်းမဲ့ အပြစ်ကင်းစင်တာကြောင့် သူက ကျွန်ုပ်တို့ရဲ့ သန့်ရှင်းစင်ကြယ်မှုတွေ ဒါမှမဟုတ် ကောင်းမှုတွေအပေါ် အထင်ကြီးတာမျိုးမရှိပါဘူး။ သူက ကျွန်ုပ်တို့ကို ခွင့်လွှတ်ခံရဖို့နှင့် လွတ်မြောက်ဖို့ ဖိတ်ကြားပေးပါတယ်။

ဒီတော့ သင်ဘယ်လိုထင်ပါသလဲ။ သခင်ယေရှုကို သင့်ဘ၀ရဲ့ ဘုရင်ဖြစ်ပေးဖို့ ယနေ့တောင်းဆိုခြင်းကနေ သင့်ကို ဘယ်အရာက တားဆီးနေပါသလဲ။ တစ်ခုမှမရှိဘူးလား။

ဒါဆို ဒီဆုတောင်းစကားကို သင့်နှလုံသားထဲကနေ အခုပဲဆုတောင်းလိုက်မလား။

သင့်နှလုံးသားထဲကနေ တကယ်ယုံကြည်တယ်ဆိုရင် ဒီဆုတောင်းစာကို အခုပဲရွတ်ဆိုလိုက်ပါ -

“ချစ်ရပါသော သခင်ယေရှု၊
ကျွန်ုပ် အမှားလုပ်ခဲ့မိကြောင်းနှင့် ကျွန်ုပ်က အပြစ်သားတစ်ယောက်ဖြစ်ကြောင်းကို ဝန်ခံပါတယ်။ ကျွန်ုပ်ရဲ့ အပြစ်တရားအတွက် ကျွန်ုပ်တောင်းပန်ပါတယ်။ သခင်က ကျွန်ုပ်ကိုယ်စား သေဆုံးပေးခဲ့ပြီး ပြန်လည်ရှင်သန်ထမြောက်လာကြောင်းကို ကျွန်ုပ်ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်ုပ်ရဲ့ အပြစ်တရားတွေကို သခင့်ထံ ဖွင့်ပြောပါရစေ။ ကျေးဇူးပြု၍ ကျွန်ုပ်ကို ခွင့်လွှတ်ပေးပြီး အသစ်က ပြန်စနိုင်အောင် လုပ်ပေးပါ။ သခင့်ကို ကျွန်ုပ်နှလုံးသားရဲ့ အကြီးအကဲနှင့် အရှင်သခင်ဖြစ်ပေးဖို့ တောင်းဆိုပါတယ်။ သခင့်အတွက် ရှင်သန်နိုင်အောင် ကျွန်ုပ်ကို ယခုကူညီပေးပါ။ သခင့်ရဲ့ ကြီးမြတ်တဲ့ ချစ်မေတ္တာနှင့် ခွင့်လွှတ်မှုအတွက် ကျေးဇူးတင်ရှိပါတယ်။ သခင်ယေရှုရဲ့ နာမတော်နှင့် ကျွန်ုပ်ဆုတောင်းလိုက်ပါတယ်…အာမင်။”

ဂုဏ်ယူပါတယ်။

ဒီဆုတောင်းစာကို သင့်ရဲ့ စိတ်နှလုံးအတွင်းထဲကနေ စစ်မှန်စွာ ဆိုလိုခဲ့တယ်ဆိုရင် ဘုရားသခင်က သင့်ဆုတောင်းစာကို ချက်ချင်းကြားခဲ့ပါတယ်။ သင်ကျူးလွန်ခဲ့တဲ့ ပုပ်သိုးပြီး အပြစ်ရှိတဲ့ အမှုကိစ္စတိုင်းအတွက် သူက ခွင့်လွှတ်ပေးခဲ့ပါတယ်။ သင့်ရဲ့ အပြစ်တရားကို ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ခွင့်လွှတ်ခံခဲ့ရပါတယ်။ အခု သင် စိတ်သစ်ကိုယ်သစ်ကနေ ပြန်စနိုင်ပါပြီ။

ဘုရားသခင်အတွက် ဒီချစ်မေတ္တာကို ဆက်လက် နုနယ်ပြီး အားကောင်းအောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာ ဒီမှာ ဖော်ပြထားပါတယ် -

နေ့တိုင်း သင့်ရဲ့ ကျမ်းစာကို ဖတ်ရှုပြီး ဆုတောင်းပါ။ ရှင်ယောဟန်ခရစ်ဝင်စာအုပ်ကနေ စပြီးဖတ်ရှုဖို့ ကျွန်ုပ်တိုက်တွန်းလိုပါတယ်။ သခင်ယေရှုနှင့် သင့်အပေါ် သူ့ရဲ့ အံ့မခန်းချစ်မေတ္တာအကြောင်းကို အဲ့စာအုပ်က ပြောပြပေးပါလိမ့်မယ်။ ဆုတောင်းစကားကတော့ ဘုရားသခင်ထံ စကားပြောတာပဲဖြစ်ပါတယ်။ သင့်ဘ၀မှာ ဖြစ်နေတဲ့ ကောင်းမွန်တဲ့အရာတွေအတွက် သူ့ကို ကျေးဇူးတင်ပါ၊ ဘ၀မှာ ခက်ခဲတဲ့အရာတွေကို ဖြေရှင်းပေးမယ့် အသိဉာဏ်ကို ရဖို့အတွက် သူ့ထံ တောင်းဆိုပါ။

ဘုရားကျောင်းတစ်ခုကို ရှာဖွေပြီး တက်ရောက်ပါ။ ကျမ်းစာက စစ်မှန်ကြောင်းကို ယုံကြည်တဲ့အပြင် သခင်ယေရှုကို ကိုယ်တိုင်သိကျွမ်းမှုအကြောင်း ဟောကြားတဲ့ ဘုရားကျောင်းတစ်ခုကို ရှာဖွေပြီး တက်ရောက်ပါ။ သင်ရှာဖို့အကူအညီလိုအပ်ရင် ကျွန်ုပ်ထံ အီးမေးလ်ပို့ပါ၊ ကျွန်ုပ်ကူညီပေးပါမယ်။

ရေနှစ်ခြင်းကို ခံယူပါ။ ဒါက သင့်နှလုံးသားထဲက စိတ်ဆုံးဖြတ်ချက်ကို တည်မြဲဖို့ ကူညီပေးပြီး သင့်ကတိကဝတ်က ပိုပြီးသန်မာလာပါလိမ့်မယ်။ သင့်ဘုရားကျောင်းက ဒါနဲ့ပတ်သက်ပြီး သင့်ကို ကူညီပေးနိုင်ပါတယ်။

သန့်ရှင်းသော ဝိညာဉ်တော်နဲ့ ပြည့်၀နေအောင်လုပ်ပါ။ ဘုရားသခင်ကို သင့်ကိုယ်ထဲမှာ သူ့ရဲ့ ဝိညာဉ်တော်နဲ့ နေ့စဉ်ဖြည့်ဆည်းပေးဖို့နဲ့ သင့်ကိုယ်ထဲက သူ့ရဲ့ လက်ဆောင်တော်တွေကို ထုတ်ပေးဖို့ တောင်းဆိုပါ။ တမန်တော်၀တ္ထုထဲက ပထမဆုံး အခန်း 5 ခန်းက သင့်ကို ကူညီပေးပါလိမ့်မယ်။

သင်ယနေ့ပြောဆိုခဲ့တဲ့ ဆုတောင်းစကားအကြောင်းနှင့် သခင်ယေရှုက သင့်ကို ဘယ်လိုခွင့်လွှတ်ပေးခဲ့ပုံကို နောက်တစ်ယောက်ထံ သင်တတ်နိုင်သလောက် ခဏခဏ ပြောပြပါ။

နောက်တစ်ခုကျန်ပါသေးတယ်။ သင်ဒီနေ့ ကျွန်ုပ်အီးမေးလ်ဖြစ်တဲ့ frostygrapes@oasiswm.org ထံ အီးမေးလ်ပို့ပြီး သခင်ယေရှုကို သင့်နှလုံးသားရဲ့ ဘုရင်ဖြစ်လာအောင် လုပ်ဆောင်ခဲ့တဲ့ သင့်ဆုံးဖြတ်ချက်အကြောင်း ပြောပြပေးနိုင်မလား။ ဒါကို သင်အခုမှ ပထမဆုံးလုပ်ဖူးတာလဲ ဖြစ်နိုင်ပါတယ်၊ ဒါမှမဟုတ် သင့်ဝိညာဉ်က လျှောက်သွားခဲ့ပြီး အခုမှ အိမ်ပြန်ရောက်တာလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ သင့်ဆီကနေ ကြားရဖို့ ကျွန်ုပ်စောင့်မျှော်နေပါမယ်။

သင့်ရဲ့ စိတ်လှုပ်ရှားဖွယ် ယုံကြည်မှုအသစ်ကို တိုးပွားအောင် ကူညီပေးမယ့် ဝဘ်ဆိုက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်

www.needhim.org, www.oneminutewitness.org, နှင့် www.oasisworldministries.org.




ရင်းမြစ်များ

Features
Features
Features