ကျွန်ုပ်စိတ်မဝင်စားပါဘူး

အရှင်သခင်နှင့် သင့်အတွက် အသက်ပေးဆပ်ခဲ့တဲ့ တစ်ဦးတည်းသော ယေရှုမြတ်စွာဘုရားထံ သင့်ဘ၀ကို စင်စစ်အပ်နှံဖို့ ဘာက တားဆီးနေတာလဲ။

ဒါတွေကတော့ လူတချို့ပေးတဲ့ အကြောင်းပြချက်တွေပါ -

“ငါ အဆင်သင့်မဖြစ်သေးဘူး။”

ကောင်းပြီ၊ ဘုရားသခင်ရဲ့ ခွင့်လွှတ်မှုမရထားဘဲ သင် ဒီည သေဖို့ အဆင်သင့်ပဲလား။ မဟုတ်ရင်တော့ သင်က သခင်ယေရှုကို အခုလက်ခံဖို့ အဆင့်သင့်ဖြစ်ပါပြီ။ သင့်ကို အရမ်းနက်နက်နဲနဲချစ်တဲ့ ဘုရားသခင်ရှိသလို လုံး၀အကြွင်းမဲ့ မုန်းတီးတဲ့ နတ်ဆိုးတစ်ကောင်လည်း ရှိပါတယ်။ ဒီနတ်ဆိုးက သင့်အသက်နှင့် နှလုံးသားကို သခင်ယေရှုဆီ ဘာကြောင့်မပေးသင့်လဲဆိုတဲ့ အကြောင်းပြချက်တွေနှင့် ဆင်ခြေအမျိုးမျိုးကို ပေးပါလိမ့်မယ်။ ဒါကြောင့် ကျမ်းစာက ဒီနတ်ဆိုးကို ‘အလိမ်အညာအားလုံးရဲ့ ဖခင်’ လို့ တင်စားခေါ်ဝေါ်တာဖြစ်ပါတယ်။

ဒါမှမဟုတ် သင်က သင့်ဘ၀မှာ အပြစ်တရားတချို့ကို စွန့်လွှတ်ဖို့ အဆင်သင့်မဖြစ်သေးတာ ဖြစ်နိုင်ပါတယ်။ ဒါက အသစ်အဆန်းမဟုတ်ပါဘူး။ ကျွန်ုပ်တို့အားလုံးက သခင်ယေရှုအတွက် အသက်ရှင်နေထိုင်ဖို့ တစ်ရက်ချင်းစီ ကြိုးစားသွားရမှာဖြစ်ပါတယ်။ သင်အနှစ်သက်ဆုံး အပြစ်တရားက သင့်ကို ဘုရားသခင်ရဲ့ ချစ်မေတ္တာကနေ ဝေးစေပြီး ကောင်းကင်ဘုံထဲ မဝင်နိုင်အောင်လုပ်ရင် ဒါက တန်ပါရဲ့လား။ ပြီးတော့ သင်စွန့်လွှတ်လိုက်တဲ့ အပြစ်တရားအားလုံးအတွက် သင့်နှလုံးသားထဲမှာ ဒီထက်မက ပိုကောင်းမွန်တဲ့ ပျော်ရွှင်မှုနှင့် ငြိမ်းချမ်းမှုတွေနဲ့ အစားထိုးပေးသွားမှာဖြစ်ပါတယ်။ ကျွန်ုပ် ကတိပေးပါတယ်။

လုပ်လိုက်ပါ။ ဘုရားသခင်အပေါ် ယုံကြည်မှုရှိရှိ ဆက်သွယ်ပြီး ဆင်ခြေတွေကို သင့်နောက်မှာ ထားလိုက်ပါ။ ဘုရားသခင်က သင့်ကို နေ့တိုင်း ကူညီပေးပါလိမ့်မယ်။

“ဘုရားသခင်မှာ ကျွန်ုပ်ရဲ့ ဆုတောင်းစကားတွေထက် များစွာပိုအရေးကြီးတဲ့ ကိစ္စတွေ ရှိပါတယ်။”

စဉ်းစားကြည့်ပါ။ စကြဝဠာတစ်ခုလုံးကြီးကို ပေါင်းစည်းစေတဲ့ ဘုရားသခင်က တစ်နေ့ကို ဆုတောင်းစကားအခု 20 ပဲ ဖြေကြားပေးနိုင်တယ်လို့ သင်ထင်ပါသလား။ ဘုရားသခင်က သင့်စကားကို ကြားဖို့အတွက် သင်တန်းစီပြီး စောင့်ရမယ် ဒါမှမဟုတ် သင့်ဘ၀ကို အရင်ဆုံး သန့်ရှင်းအောင်လုပ်ရမယ်လို့ သင်ထင်ပါသလား။

ဘုရားသခင်က ဘယ်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် (သင်အပါအဝင်) ကိုမျှ ကောင်းကင်ဘုံနဲ့ မလွဲချော်စေလိုကြောင်းကို ကျမ်းစာက ဖော်ပြထားပါတယ်။ ကမ္ဘာမြေပေါ်မှာ အပြစ်သားက သင်တစ်ဦးတည်းပဲရှိတယ်ဆိုရင်တောင် သင့်ခွင့်လွှတ်ခံရနိုင်ဖို့အတွက် ဘုရားသခင်က သေဆုံးပြီး ပြန်လည်ရှင်သန်ထမြောက်ဖို့ ကမ္ဘာမြေပေါ် ကြွဆင်းလာဦးမှာဖြစ်ပါတယ်။

ဘုရားသခင်က သူ့ထံ ချဉ်းကပ်လာတာကို စိတ်ရှည်ရှည်နဲ့ စောင့်မျှော်နေပါတယ်။ မနက်နေထွက်တဲ့အခါတိုင်း သူက သင့်ထံ စကားပြောနေပြီး သူ့ရဲ့ ကောင်းမှုတော်ကို ပြသနေပါတယ်။ နောက်တစ်ရက် မစောင့်ပါနဲ့။ ကမ္ဘာမြေပေါ်မှာ သင်ရှင်သန်ရမယ့် နောက်ဆုံးနေ့ရက်က ဘယ်နေ့လဲဆိုတာ သင်မသိပါဘူး။ ဘုရားသခင်ထံ ရိုးရှင်းစွာ လှမ်းခေါ်လိုက်ရုံနဲ့တင် သင်ကောင်းကင်ဘုံရောက်ဖို့ သေချာနိုင်မှာဖြစ်ပါတယ်။

ဒါက သင့်လိုအင်ဆန္ဒဆိုရင် ကျွန်ုပ်တို့ရဲ့ ကျွန်ုပ်က ပိုမိုလေ့လာဖို့ စိတ်ဝင်စားပါတယ် ဆောင်းပါးကို ဖတ်ရှုလိုက်ပါ။

“ကျွန်တော် အပြစ်တွေ အများကြီး ကျူးလွန်ထားပြီးပြီ။”

အများကြီးဆိုတာ ဘယ်လောက်လဲ။ ဘုရားသခင်က ကျွန်ုပ်တို့ကို ‘ဆိုးတဲ့ အပြစ်သားတွေ’ ဒါမှမဟုတ် ‘ကောင်းတဲ့ အပြစ်သားတွေ’ ဆိုပြီး ခွဲခြားထားလား။

ကျမ်းစာအရ ကျွန်ုပ်တို့အားလုံး အပြစ်ကျူးလွန်ထားပါတယ်၊ ဒါကြောင့် ဘယ်သူမှ ကောင်းကင်ဘုံထဲကို မဝင်ရောက်နိုင်ပါဘူး၊ ဒီလိုမှမဟုတ်ရင် ကောင်းကင်ဘုံက ပြီးပြည့်စုံတော့မှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ရဲ့ အပြစ်တရားတွေက သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ကျွန်ုပ်တို့အားလုံး အရည်အချင်းမပြည့်မီပါဘူး။ ကျွန်ုပ်တို့အားလုံး အပြစ်သားတွေပါပဲ။

ဒါပေမဲ့ ဘုရားသခင်ရဲ့ ချစ်မေတ္တာက အပြစ်တရားအားလုံးအပေါ် လွှမ်းခြုံထားပါတယ်။ သခင်ယေရှုက လက်ဝါးကပ်တိုင်ပေါ်မှာ သေဆုံးနေချိန်မှာတောင် လူသတ်သမားနှစ်ယောက်ကလည်း သူနဲ့အတူ ကားစင်တင်ခံခဲ့ရပါတယ်။ တစ်ယောက်က သခင်ယေရှုကို လှောင်ပြောင်ခဲ့ပေမဲ့ နောက်တစ်ယောက်က သူ့ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ သခင်ယေရှုက ခွင့်လွှတ်ပေးမယ်လို့ ပြောခဲ့ပါတယ်။

“ကျွန်ုပ်က အတော်အတန် ကောင်းမွန်တဲ့ လူပုဂ္ဂိုလ်ဖြစ်ပါတယ်…လူတော်တော်များများလောက် မဆိုးတာ သေချာပါတယ်။”

သင့်ရဲ့ ကောင်းမှုတွေက သင့်ကို ကောင်းကင်ဘုံဆီ ရောက်စေမှာလား။ သင်က ကောင်းမှုတွေ အလုံအလောက် လုပ်ပြီးပြီလို့ ကိုယ့်ကိုယ်ကိုယ် တကယ်ယုံကြည်မှုရှိပါသလား။ ဒီနည်းလမ်းမှာ ပြဿနာရှိတဲ့ နေရာနှစ်ခုရှိပါတယ်။

ပထမတစ်ခုက ဒီမေးခွန်းပါ၊ ကောင်းကင်ဘုံထဲ ဝင်ရောက်နိုင်ဖို့ ကောင်းမှုဘယ်လောက်များများ ကျွန်ုပ်လုပ်ဖို့လိုလဲ။ တကယ်လို့ ကျွန်ုပ်က ကောင်းမှုနောက်တစ်ခုထပ်လုပ်ဖို့ လိုနေရင် ဘယ်လိုလုပ်မလဲ။

နောက်ပြဿနာတစ်ခုက ‘ကျွန်ုပ်က ကောင်းမှုတွေလုပ်ပြီး ကောင်းကင်ဘုံရောက်နိုင်တယ်ဆိုရင် ဘာကြောင့် သခင်ယေရှုက ကမ္ဘာမြေပေါ် ကြွဆင်းပြီး အသက်စတေးခဲ့ရတာလဲ။’

ကျွန်ုပ်တို့က ကောင်းကင်ဘုံရောက်အောင် မလုပ်နိုင်ကြောင်း၊ ဒါက လက်ဆောင်ဖြစ်ကြောင်းကို ကျမ်းစာက သင်ကြားပေးပါတယ်။ ဒါပေမဲ့ ကျွန်ုပ်က ယုံကြည်မှုကနေတစ်ဆင့် ဆက်သွယ်ပြီး ဒီလက်ဆောင်ကို ရယူရပါမယ်။

ကောင်းမှုတွေက အရမ်းကို အရေးကြီးပါတယ်၊ ဒါပေမဲ့ အဲ့တာတွေက ကျွန်ုပ်တို့ရဲ့ အပြစ်တရားကို မဖျောက်ပေးနိုင်ပါဘူး။ သခင်ယေရှုနှင့် လက်ဝါးကပ်တိုင်ပေါ်က သူ့အမှုတော်ကသာ ကျွန်ုပ်တို့ကို ခွင့်လွှတ်ပေးနိုင်ပါတယ်။

ဒီတော့ ဆင်ခြေတွေ လုံလောက်ပြီလား။ ဘုရားသခင်ကို လှမ်းခေါ်ပြီး သူ့ကို သင့်ဘ၀ကို ထိန်းချုပ်ပေးဖို့ တောင်းဆိုရမယ့် အချိန်ရောက်ပါပြီ။ သင့်ကို ခွင့်လွှတ်ပေးပြီး သင့်ဘ၀ရဲ့ သခင်၊ ကယ်တင်ရှင်နှင့် အကြီးအကဲဖြစ်စေဖို့ သူ့ထံ တောင်းဆိုလိုက်ပါ။ ဒါက သင်လုပ်ဖူးသမျှထဲမှာ အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါလိမ့်မယ်။

Vကျွန်ုပ်တို့ရဲ့ ကျွန်ုပ်က ပိုမိုလေ့လာဖို့ စိတ်ဝင်စားပါတယ် ဆောင်းပါးကို ဖတ်ရှုလိုက်ပါ၊ သင့်ရဲ့နှလုံးသားကို ထာ၀ရပြောင်းလဲသွားစေမယ့် ဆုတောင်းတစ်ခုကို သင်လုပ်နိုင်ပါလိမ့်မယ်။




ရင်းမြစ်များ

Features
Features
Features