အခုတလောတင် ကျွန်ုပ်ရဲ့ အသက်ကို သခင့်ထံ ပေးခဲ့ပါတယ်

ဂုဏ်ယူပါတယ်။

သခင်ယေရှုကို သင့်နှလုံးသားရဲ့ ဘုရင်ဖြစ်ပေးဖို့ ဆုတောင်းခဲ့တဲ့အတွက် ကျွန်ုပ်အရမ်းပျော်ပါတယ်။ ဒါက သင့်အတွက် စိတ်လှုပ်ရှားဖွယ် စတင်မှုအသစ်တစ်ခုဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ သတ္တိများစွာနှင့် ယုံကြည်မှုအနည်းငယ် လိုအပ်ခဲ့တာကို ကျွန်ုပ်သိပါတယ်၊ ဒါပေမဲ့ ဘုရားသခင်က သင့်ဆုတောင်းစကားကို ကြားခဲ့ပါတယ်။

သင်က သခင်ယေရှုကို သင့်သခင်ဖြစ်စေဖို့ ဖိတ်ကြားခဲ့တဲ့အတွက် အခုအခါ သူက သင့်ကို လမ်းညွှန်မှု၊ ညွှန်ပြမှု၊ နှစ်သိမ့်မှုနှင့် ငြိမ်းချမ်းမှုတွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။ သင်က သူနဲ့ နေ့စဉ်လက်တွဲနေရင်း သူ့ရည်ရွယ်ချက်တွေက သင့်ဘ၀ထဲမှာ အခုအခါ စတင်တည်ရှိသွားမှာဖြစ်ပါတယ်။ ကောင်းကင်ကြီးက ပိုပြာလာပြီး မြက်ခင်းတွေက ပိုစိမ်းလာပါလိမ့်မယ်။ ပြီးတော့ သင့်မှာ ပြဿနာတွေ ရှိလာတဲ့အခါ သူ့ထံ ဆုတောင်းပြီး အကူအညီတောင်းနိုင်ပါတယ်။


ဒီတော့ ကျွန်ုပ်တို့ ကောင်းကင်ဘုံကို သွားနေကြောင်း သိနိုင်ပုံကို ကျမ်းစာက ဘယ်လိုပြောပြလဲဆိုတာ ပြန်လည်သုံးသပ်ကြည့်လိုက်ရအောင်။

ကျွန်ုပ်က ဒါကို ABCs လို့ ခေါ်ပါတယ် -

Admit (ဝန်ခံခြင်း) ကျွန်ုပ် အမှားလုပ်ခဲ့ကြောင်း ဝန်ခံပါ။ ကျွန်ုပ်က အပြစ်သားဖြစ်တယ်။ ဘုရားသခင်က သေးငယ်တဲ့ အပြစ်တရားတစ်ခုလေးကိုတောင် ကောင်းကင်ဘုံထဲ ဝင်စေနိုင်မှာမဟုတ်ပါဘူး၊ ဒီလိုမှမဟုတ်ရင် ဒါက ကောင်းကင်ဘုံ ဘယ်ဟုတ်တော့မလဲ။

Believe (ယုံကြည်မှု) သခင်ယေရှုက ကျွန်ုပ်ရဲ့ အပြစ်တရားတွေအတွက် အသက်ကိုစတေးခံပြီး ပြန်လည်ရှင်သန်ထမြောက်ရင်း သူက အစစ်အမှန်အရှင်သခင်ဖြစ်ကြောင်း သက်သေပြခဲ့ပုံကို ကိုယ့်နှလုံးသားထဲကနေ ယုံကြည်ပါ။

Confess (ဖွင့်ပြောပါ) ကိုယ့်ရဲ့ အပြစ်တရားကို ဖွင့်ပြောပြပြီး ဘုရားသခင်ရဲ့ ကြီးမြတ်တဲ့ ခွင့်လွှတ်မှုကို တောင်းဆိုပါ။ ဘုရားသခင်ရဲ့ အကူအညီကို ရယူပြီး ဘယ်အပြစ်တရားမဆိုရဲ့ ဝေးရာကို သွားဖို့ဆန္ဒရှိအောင်လုပ်ပါ။ သခင်ယေရှုကို ကိုယ့်ရဲ့ သခင်နှင့် ကယ်တင်ရှင်…ကိုယ့်အကြီးအကဲအဖြစ် လက်ခံပါ။

သင်က ဘုရားသခင်ရှေ့မှောက်ကို မလာခင် သင့်ဘ၀ကို သန့်ရှင်းအောင် မလုပ်နိုင်ပါဘူး။ သင့်ရဲ့အရှိတိုင်းပဲ လာရောက်ရမှာဖြစ်ပါတယ်။ ဘုရားသခင်က အကြွင်းမဲ့ အပြစ်ကင်းစင်တာကြောင့် သူက ကျွန်ုပ်တို့ရဲ့ သန့်ရှင်းစင်ကြယ်မှုတွေ ဒါမှမဟုတ် ကောင်းမှုတွေအပေါ် အထင်ကြီးတာမျိုးမရှိပါဘူး။ သူက ကျွန်ုပ်တို့ကို ခွင့်လွှတ်ခံရဖို့နှင့် လွတ်မြောက်ဖို့ ဖိတ်ကြားပေးပါတယ်။

ဒီတော့ သင်ဆုတောင်းခဲ့တဲ့ ဆုတောင်းစာက အောက်ပါအတိုင်းဖြစ်ခဲ့မယ်လို့ ကျွန်ုပ်မှန်းဆပါတယ် -

“ချစ်ရပါသော သခင်ယေရှု၊

ကျွန်ုပ် အမှားလုပ်ခဲ့မိကြောင်းနှင့် ကျွန်ုပ်က အပြစ်သားတစ်ယောက်ဖြစ်ကြောင်းကို ဝန်ခံပါတယ်။ ကျွန်ုပ်ရဲ့ အပြစ်တရားအတွက် ကျွန်ုပ်တောင်းပန်ပါတယ်။ သခင်က ကျွန်ုပ်ကိုယ်စား သေဆုံးပေးခဲ့ပြီး ပြန်လည်ရှင်သန်ထမြောက်လာကြောင်းကို ကျွန်ုပ်ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်ုပ်ရဲ့ အပြစ်တရားတွေကို သခင့်ထံ ဖွင့်ပြောပါရစေ။ ကျေးဇူးပြု၍ ကျွန်ုပ်ကို ခွင့်လွှတ်ပေးပြီး အသစ်က ပြန်စနိုင်အောင် လုပ်ပေးပါ။ သခင့်ကို ကျွန်ုပ်နှလုံးသားရဲ့ အကြီးအကဲနှင့် အရှင်သခင်ဖြစ်ပေးဖို့ တောင်းဆိုပါတယ်။ သခင့်အတွက် ရှင်သန်နိုင်အောင် ကျွန်ုပ်ကို ယခုကူညီပေးပါ။ သခင့်ရဲ့ ကြီးမြတ်တဲ့ ချစ်မေတ္တာနှင့် ခွင့်လွှတ်မှုအတွက် ကျေးဇူးတင်ရှိပါတယ်။ သခင်ယေရှုရဲ့ နာမတော်နှင့် ကျွန်ုပ်ဆုတောင်းလိုက်ပါတယ်…အာမင်။”

ဒီဆုတောင်းစာကို သင့်ရဲ့ စိတ်နှလုံးအတွင်းထဲကနေ စစ်မှန်စွာ ဆိုလိုခဲ့တယ်ဆိုရင် ဘုရားသခင်က သင့်ဆုတောင်းစာကို ချက်ချင်းကြားခဲ့ပါတယ်။ သင်ကျူးလွန်ခဲ့တဲ့ ပုပ်သိုးပြီး အပြစ်ရှိတဲ့ အမှုကိစ္စတိုင်းအတွက် သူက ခွင့်လွှတ်ပေးခဲ့ပါတယ်။ သင့်ရဲ့ အပြစ်တရားကို ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ခွင့်လွှတ်ခံခဲ့ရပါတယ်။ အခု သင် စိတ်သစ်ကိုယ်သစ်ကနေ ပြန်စနိုင်ပါပြီ။

ဘုရားသခင်အတွက် ဒီချစ်မေတ္တာကို ဆက်လက် နုနယ်ပြီး အားကောင်းအောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာ ဒီမှာ ဖော်ပြထားပါတယ် -

နေ့တိုင်း သင့်ရဲ့ ကျမ်းစာကို ဖတ်ရှုပြီး ဆုတောင်းပါ။ ရှင်ယောဟန်ခရစ်ဝင်စာအုပ်ကနေ စပြီးဖတ်ရှုဖို့ ကျွန်ုပ်တိုက်တွန်းလိုပါတယ်။ သခင်ယေရှုနှင့် သင့်အပေါ် သူ့ရဲ့ အံ့မခန်းချစ်မေတ္တာအကြောင်းကို အဲ့စာအုပ်က ပြောပြပေးပါလိမ့်မယ်။ ဆုတောင်းစကားကတော့ ဘုရားသခင်ထံ စကားပြောတာပဲဖြစ်ပါတယ်။ သင့်ဘ၀မှာ ဖြစ်နေတဲ့ ကောင်းမွန်တဲ့အရာတွေအတွက် သူ့ကို ကျေးဇူးတင်ပါ၊ ဘ၀မှာ ခက်ခဲတဲ့အရာတွေကို ဖြေရှင်းပေးမယ့် အသိဉာဏ်ကို ရဖို့အတွက် သူ့ထံ တောင်းဆိုပါ။

ကျမ်းစာက စစ်မှန်ကြောင်းကို ယုံကြည်တဲ့အပြင် သခင်ယေရှုကို ကိုယ်တိုင်သိကျွမ်းမှုအကြောင်း ဟောကြားတဲ့ ဘုရားကျောင်းတစ်ခုကို ရှာဖွေပြီး တက်ရောက်ပါ။ သင်ရှာဖို့အကူအညီလိုအပ်ရင် ကျွန်ုပ်ထံ အီးမေးလ်ပို့ပါ၊ ကျွန်ုပ်ကူညီပေးပါမယ်။ ရေနှစ်ခြင်းကို ခံယူပါ။ ဒါက သင့်နှလုံးသားထဲက စိတ်ဆုံးဖြတ်ချက်ကို တည်မြဲဖို့ ကူညီပေးပြီး သင့်ကတိကဝတ်က ပိုပြီးသန်မာလာပါလိမ့်မယ်။ သင့်ဘုရားကျောင်းက ဒါနဲ့ပတ်သက်ပြီး သင့်ကို ကူညီပေးနိုင်ပါတယ်။ သန့်ရှင်းသော ဝိညာဉ်တော်နဲ့ ပြည့်၀နေအောင်လုပ်ပါ။ ဘုရားသခင်ကို သင့်ကိုယ်ထဲမှာ သူ့ရဲ့ ဝိညာဉ်တော်နဲ့ နေ့စဉ်ဖြည့်ဆည်းပေးဖို့နဲ့ သင့်ကိုယ်ထဲက သူ့ရဲ့ လက်ဆောင်တော်တွေကို ထုတ်ပေးဖို့ တောင်းဆိုပါ။

နောက်တစ်ခုကျန်ပါသေးတယ်။ သင်ဒီနေ့ ကျွန်ုပ်အီးမေးလ်ဖြစ်တဲ့ frostygrapes@oasiswm.org ထံ အီးမေးလ်ပို့ပြီး သခင်ယေရှုကို သင့်နှလုံးသားရဲ့ ဘုရင်ဖြစ်လာအောင် လုပ်ဆောင်ခဲ့တဲ့ သင့်ဆုံးဖြတ်ချက်အကြောင်း ပြောပြပေးနိုင်မလား။ ဒါကို သင်အခုမှ ပထမဆုံးလုပ်ဖူးတာလဲ ဖြစ်နိုင်ပါတယ်၊ ဒါမှမဟုတ် သင့်ဝိညာဉ်က လျှောက်သွားခဲ့ပြီး အခုမှ အိမ်ပြန်ရောက်တာလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ သင့်ဆီကနေ ကြားရဖို့ ကျွန်ုပ်စောင့်မျှော်နေပါမယ်။

www.needhim.org, www.oneminutewitness.org, နှင့် www.oasisworldministries.org.




ရင်းမြစ်များ

Features
Features
Features